Skip to main content

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး ရွေ့လျားဈေးကားရောင်းချမှုနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများကွင်းဆင်းစစ်ဆေး

 

ရန်ကုန် စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းတွင်  အင်းစိန်မြို့နယ်၊ ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်းသို့ရောက်ရှိပြီး ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက် မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ ပုဇွန် အမျိုးမျိုးတို့ ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ယူဆောင် ရွက်နေသော လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ အဝင်လမ်း တိုးချဲ့ကွန်ကရိခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာစက်မှုဇုန်ရှေ့ မြေဧရိယာ ၁၂ ဒသမ ၂၅၈ ဧကတွင် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ စီမံကိန်းလုပ်ငန်းခွင်၌ မြေပြင်ခြင်းနှင့် သဲဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း ပြုပြင်တူးဖော် ရန်ဆောင်ရွက်နေမှု လုပ်ငန်းများကိုလည်းကောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဆောင်ရွက်နေသော လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ ဘုရင့်နောင်ပန်းခြံသို့သွား ရောက်၍ အရှည်ပေ ၁၃၄၆ ပေ၊ အကျယ် ၈ ပေရှိ ပန်းခြံပတ် Interlock လမ်းနှင့် အရှည်ပေ ၄၁ပေ၊ အကျယ် ၂၄ ပေရှိ ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှေ့ လျှောက်လမ်းကွန် ကရိခင်းကျင်းနေမှု၊ မြက်စိုက်ပျိုး၍ မြေယာရှုခင်း ပြုပြင်ဆောင်ရွက် နေမှု၊ မီးတိုင်စင်နှင့် ရေငုတ်တိုင်များ ပြုလုပ်ဆောင်ရွက်နေမှုနှင့် ပန်းခြံထောင့်လမ်းဆုံနေရာ အများသုံးသန့်စင်ခန်း တည်ဆောက်ထားမှုတို့ကိုလည်းကောင်း၊ လှိုင်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အုတ်ကျင်း ဂုန်နီစက်ရုံမှ သီရိမင်္ဂလာပိတောက်ချောင်းအထိ အရှည် ၂၆၇၅ ပေ၊ အကျယ် ၈ ပေ၊ ထု ၆ လက်မရှိ ကွန်ကရိ လူသွားစင်္ကြံ၊ စက်ဘီးလမ်း၊ ယာဉ်ရပ်နားရန်နေရာများ ပြုလုပ်နေမှုနှင့် စင်္ကြံနှင့် ဘုရင့်နောင်လမ်း မကြီးအကြား အကျယ် ၁၆ ပေရှိ မြေဧရိယာ၌ ပန်းပင်နှင့်မြက်ပင်များ စိုက်ပျိုး၍ မြေယာရှုခင်းပြုပြင် နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

(သတင်းစဉ်)