Skip to main content

၂၀၁၉ ခုနှစ် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု စာမူပေးပို့ရက် တိုးမြှင့်သတ်မှတ်

ရန်ကုန် ဖေဖော်ဝါရီ ၂၁

၂၀၁၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရန် နောက်ဆုံးတင်သွင်းရမည့်ရက်ကို မူလက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူ တင်သွင်းရန် နောက်ဆုံးရက်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်အထိ တိုးမြှင့် လိုက်ကြောင်း သိရသည်။

ပခုက္ကူစာပေဆုတွင် သတ်မှတ်ထားသည့် ဘာသာရပ် (၅) မျိုးအတိုင်း ပြိုင်ပွဲဝင်စာမူများကို ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ကြသည်။

ပြိုင်ပွဲဝင် စာမူပုံစံများကို စာတည်းမှူးချုပ် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း စာပေဗိမာန်တွင် ရယူနိုင်ပြီး နယ်မှပုံစံမှာယူလိုသူများသည် ငွေကျပ် ၁၅၀၀ ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများကို မှာယူ နိုင်ကြောင်း သိရသည်။

ပခုက္ကူစာပေဆုများကို ယှဉ်ပြိုင်လိုသူများ စိတ်ဝင်တစားဖြင့် မေးမြန်းမှုများရှိနေရာ ပြိုင်ပွဲဝင်လိုသော စာပေဝါသနာရှင်များ၏ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ယခုကဲ့သို့ ပြိုင်ပွဲဝင်ရက် တိုးမြှင့်သတ်မှတ် ပေးရခြင်း ဖြစ်ကြောင်း ပခုက္ကူစာပေဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားသည်။

သတင်းစဉ်