Skip to main content

“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ ၈ / ၂၀၂၀

၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၂  ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၂၄  ရက်)

“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

၁။           မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” ကို ဤရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။            “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”သို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက အောက်ပါအတိုင်း ထပ်မံဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်-

စဉ်

သတင်းလက်ခံရရှိမှု

ဖော်ထုတ်ဖမ်းဆီးအရေးယူမှု

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာနေ ခင်မောင်ဝင်း သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၁၆-၂-၂၀၂၀ရက်နေ့တွင် မော်လိုက်မြို့နယ်၊ တပ်ကုန်း ကျေးရွာနေ ခင်မောင်ဝင်း(၄၉)နှစ်၊ (ဘ)ဦးပွားအောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ 88/1 စာတန်းပါ စိတ်ကြွ ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(မော်လိုက်) မယ(ပ)၈/၂၀၂၀၊မူး/စိတ်ပုဒ်မ၁၆(ဂ)ဖြင့်အမှုဖွင့်အရေးယူ ထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်း ကျေးရွာနေ ထွန်းထွန်းသည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၁၆--၂၀၂၀ရက်နေ့တွင် မော်လိုက်မြို့နယ်၊ တပ်ကုန်း ကျေးရွာနေ ထွန်းထွန်း(၄၅)နှစ်၊ (ဘ)ဦးအောင်သောင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ 88/1စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(မော်လိုက်) မယ(ပ)၉/၂၀၂၀၊မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က) ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာနေ ကတုံးသည် မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၉-၂-၂၀၂၀ရက်နေ့တွင် ဗန်းမောက်မြို့နယ်၊ နောင်ပတ် ကျေးရွာနေ ကတုံး(ခ)ကျော်ကျော်အောင် (၂၄)နှစ်၊ (ဘ) ဦးသန်းထွန်း ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းနှင့် အတူတစ်ရွာတည်းနေ ကံထူး(ခ) ကံမောင် (၃၁) နှစ်၊ (ဘ) ဦးအောင်စိန်တို့(၂)ဦးအား ဘိန်းဖြူများနှင့် အတူ ဖမ်းဆီးရမိသဖြင့် နမစ (မံစီကြီး)မယ (ပ)၈/ ၂၀၂၀၊ မူး/ စိတ်ပုဒ်မ၁၆(ဂ)/၂၁ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့နယ်၊သရောင်းကျေးရွာနေစိုးမြင့်သည်မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချနေကြောင်းသတင်းပေးပို့ခြင်း။

၁၉-၂-၂၀၂၀ရက်နေ့တွင် ဖောင်းပြင်မြို့နယ်၊ သရောင်း ကျေးရွာနေ စိုးမြင့်(၄၁)နှစ်၊ (ဘ)ဦးအောင်သိန်း၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီး ရမိသဖြင့် မမစ (ဖောင်းပြင်) မယ (ပ)၂၇/ ၂၀၂၀၊မူး/ စိတ်ပုဒ်မ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ တဲမကျေးရွာနေ မြင့်ကိုသည် မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၁-၂-၂၀၂၀ရက်နေ့တွင် ဖောင်းပြင်မြို့နယ်၊ တဲမ ကျေးရွာ နေ မြင့်ကို(၄၅)နှစ်၊ (ဘ)ဦးအောင်သန်း၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိ သဖြင့် မမစ(ဖောင်းပြင်)မယ (ပ)၃၂/ ၂၀၂၀၊ မူး/စိတ် ပုဒ်မ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထား ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပန်းကောက်ကျေးရွာနေ ဒေါ်ညိုညိုဝင်းသည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၂၀--၂၀၂၀ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ပန်းကောက် ကျေးရွာနေ ဒေါ်ညိုညိုဝင်း(၃၂)နှစ်၊ (ဘ)ဦးဘတင်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(မောက္ကတော်)မယ(ပ)၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ၁၆(ဂ)ဖြင့်အမှုဖွင့် အရေးယူထားရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၊အောင်သုခရပ်ကွက်၊ အနော်ရထာ(၁)(၂)(၃) (၄)(၅)လမ်းတို့တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်း ပေးပို့ခြင်း။

ယခင်သီတင်းပတ်၌ အမှု(၃)မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံကျား(၃)ဦးအား စိတ်ကြွဆေးပြား များနှင့်အတူဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

၂၁-၂-၂၀၂၀ ရက်နေ့တွင် ယခင်ဖမ်းဆီးရမိမှုများမှ ကွင်းဆက် သတင်းအရကော့သောင်းမြို့၊ အောင်သုခ ရပ်ကွက်၊ အနော်ရထာ(၁)လမ်းပေါ်၌ နှင်းဆီ(၁) လမ်းနေ ငြိမ်းချမ်းမင်း(၁၇)နှစ်၊ (ဘ)ဦးဇော်မင်းလတ် အား WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ကော့သောင်း)မယ(ပ)၂၅/၂၀၂၀၊ မူး/စိတ်ပုဒ်မ၁၉(က)/၂၀(က)ဖြင့်လည်းကောင်း၊ ဆက်လက်၍ ၎င်းနှင့်အတူ ရွှေဝါထွန်း(၂)လမ်းနေ အောင်ကိုလတ်(ခ)အငယ်လေး(၂၃)နှစ်၊ (ဘ)ဦးဝင်းရွှေအား WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီး ရမိပြီး ငြိမ်းချမ်းမင်းထံမှ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့(၂)ဦးအား မမစ(ကော့သောင်း) မယ(ပ)၂၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ၁၆(ဂ)/၂၁ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်လေးရပ်ကွက်နေ ကျော်မင်းထွန်းသည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၂-၂-၂၀၂၀ရက်နေ့တွင်ပန်းဘဲတန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့်(၃၂)လမ်းထိပ်၌ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်လေးရပ်ကွက်နေ ကျော်မင်းထွန်း (ခ)ရိဒ်ဝါးန်(၂၀)နှစ်၊ (ဘ)ဦးမျိုးမင်းထွန်း (ခ)ဗလအား စိစစ်ရာ WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့်မမစ(ပန်းဘဲတန်း)မယ(ပ)၅/၂၀၂၀၊မူး/စိတ်ပုဒ်မ၁၆(ဂ)ဖြင့်အမှုဖွင့်အရေးယူထားရှိပါသည်။

၃။      တိုင်ကြားလာသော သတင်းများအနက် အထက်ဖော်ပြပါ ယခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီး ရမိမှုအပါအဝင် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်  ၂၆-၆-၂၀၁၈ ရက်နေ့မှ ၂၂-၂-၂၀၂၀ ရက်နေ့အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း (၉၉၀)မှု ဖွင့်လှစ် အရေးယူခဲ့ပြီး တရားခံကျား(၁၂၇၃)ဦး၊မ(၂၅၂)ဦး၊ပေါင်း(၁၅၂၅)ဦးဖမ်းဆီးရမိခဲ့၍ဘိန်းဖြူ(၇၆၅၀.၈၈၁၄)ဂရမ်၊ ICE (၁၃၄၇.၄၂) ဂရမ်၊ ဘိန်း(၄၀၃၃၉.၀၂၁၆၆)ဂရမ်၊ အဆင့်နိမ့်ဘိန်း(၆၆၁.၂၇)ဂရမ်၊ ဘိန်းစာမှုန့် (၅၃၂၄၂.၇၆)ဂရမ်၊ ဘိန်းစာရွက် (၁၂၀၉၇.၃၂)ဂရမ်၊ ဘိန်းစာရည်(.)လီတာ၊ စိတ်ကြွဆေးပြား(၅၀၃၆၃၉)ပြား၊ ဆေးခြောက်(၁၀၃၁၁.၄၂)ဂရမ်၊ ဘိန်းရည်(.)လီတာ၊ ဘိန်းဆီခဲ(၅၂၀.၂၈)ဂရမ်၊ဘိန်းစေ့(၆၀)ဂရမ်၊စိတ်ကြွဆေးပြားအကြေမှုန့်(၅၅.၄၅)ဂရမ်၊  Ecstasy အကြေ(.၀၀၁)ဂရမ်၊ လက်နက်မျိုးစုံ(၂၄)လက်၊ ကျည်မျိုးစုံ(၆၀၉)တောင့်၊ လက်ပစ်ဗုံး()လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးသတင်းများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ထပ်မံဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်မှု အခြေအနေအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

၄။      မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့်ကြီးမားသည့် မူးယစ်ဆေးဝါး ရောင်း/ဝယ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ “မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန” အောက်ဖော်ပြပါ တယ်လီဖုန်း/ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့သို့ ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်-

 

ဆက်သွယ်ရန်-

အော်တိုတယ်လီဖုန်းနံပါတ်    -        ၀၆၇-၅၉၀၂၀၀

ဖက်စ်ဖုန်းနံပါတ်                  -        ၀၆၇-၅၉၀၂၃၃

အီးမေးလ်လိပ်စာ                 -        antinarcotics@presidentoffice.gov.mm