Skip to main content

တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင်ချက်ချမှတ်ပြီး (၇)မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သော ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးဝင်း တို့ပါဝင်သည့် အပြီးသတ် ကြားနာဆုံး ဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅) မှုကို စီရင်ချက် ချမှတ်ပြီး (၇) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)