Skip to main content

Film Digital Restoration Workshop သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

Film Digital Restoration Workshop သင်တန်းဖွင့်ပွဲခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ အမှတ် (၅၀)၊ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ ရုပ်ရှင်ပြခန်းမ၌   ကျင်းပသည်။

အဆိုပါ သင်တန်းကို ဂျပန်နိုင်ငံ ယဉ်ကျေးမှု အနုပညာနှင့် အားကစား ဆိုင်ရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Save Myanmar Film၊ ဝဿန်ရုပ်ရှင်ပွဲတော်အဖွဲ့၊ ဂျပန်နိုင်ငံမှ IMAGICA Lab တို့ ပူးပေါင်း၍  ရုပ်ရှင်ဇာတ်ကားများကို ဒီဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းပြုပြင်ခြင်းကို ဂျပန်နိုင်ငံ IMAGICA Lab အဖွဲ့မှ ပညာရှင်များက ဖေဖော်ဝါရီ ၂၄ မှ ၂၈ ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချ ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

သင်တန်းအတွက် လိုအပ်သည့် ကွန်ပျူတာပစ္စည်းများကို B2HD Computer Gaming PC and High End Workstation မှ ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရသည်။

RND