Skip to main content

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကား ပြောကြား သည်။

အဆိုပါသင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံများ၊ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ အချိန်ပိုင်းတက်ရောက်ရမည်ဖြစ်၍ ငါးလ ကြာမြင့်မည်ဖြစ်ကြောင်း၊ နှစ်စဉ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးရန် အမှန်တကယ်လိုအပ်နေသော သင်တန်းသို့ ဝန်ကြီးဌာနအဖွဲ့အစည်း ၇၄ ခုမှ သင်တန်း သား ၁၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်