Skip to main content

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း သင်တန်းဆင်းဝတ်စုံအတွက် ရန်ပုံငွေ များ ထောက်ပံ့ပေးအပ်

လွိုင်ကော် ဖေဖော်ဝါရီ  ၂၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်အိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၁)၊ ကယား ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၁၈) နှင့် အခြေခံသိုးမွေးစက်ဆွဲ သင်တန်း အမှတ်စဉ်(၁၅)သို့ တက်ရောက်နေသည့် သင်တန်းသူ (၅၀)ဦး တို့အတွက် သင်တန်းဆင်း တူညီဝတ်စုံများ ထောက်ပံ့ပေး နိုင်ပါရန် တင်ပြလာသည့်အပေါ် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယမန်နေ့ ညနေ ၃ နာရီခွဲအချိန် က ၎င်းရုံးခန်း၌ ရန်ပုံငွေကျပ် (၂.၅) သိန်းအား တာဝန်ခံဆရာမတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလေး