နေပြည်တော် ဖေဖော်ဝါရီ ၂၅
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော်၏ (၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၂ ရက်မှ ၈ ရက်အထိ ခုနှစ်ရက်တိုင်တိုင် စေတီတော်ပွဲတော်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် သည်။
ပွဲတော်ကာလအတွင်း KIA, King Long, Souest, Hyundai နှင့် Baic မော်တော်ယာဉ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် ကားအရောင်းပြခန်းများ၊ အထူးဈေးနှုန်းဖြင့် ရောင်းချပေး မည့် အဝတ်အထည်အရောင်းအဆိုင်များ၊ လူသုံးကုန်ပစ္စည်းမျိုးစုံ အရောင်းပြခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ ကလေးကစားကွင်းများ ပါဝင်သည့်အပြင် ဖျော်ဖြေရေး အစီအစဉ် အနေဖြင့် တင်မောင်ဆန်းမင်းဝင်း (ရွှေမန်းသဘင်) ဇာတ်အဖွဲ့က မတ် ၂ ရက်မှ ၃ ရက် အထိ၊ ရွှေပွဲမင်းဇာတ်အဖွဲ့က မတ် ၅ ရက်မှ ၆ ရက်အထိ၊ ရွှေအိမ်စံဇာတ်အဖွဲ့က မတ် ၇ ရက်မှ ၈ ရက် အထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်အတွင်း ဆိုင်ခန်းများ ပါဝင်ဖွင့်လှစ်လိုသူများအနေဖြင့် ဖုန်း - ၀၉၂၅၀၀၁၃၉၈၊ ၀၉၄၄၄၀၆၇၃၀၂ နှင့် ၀၉၂၅၇၅၁၂၇၀၀ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရ သည်။
(ထက်လျှံ)