Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စား စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဇန်နဝါရီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညို သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးအားပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညို၍ အလှူငွေများအား ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင် ဦးကြည်ဝင်းနှင့် အဖွဲ့ဝင်များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်သည်။ ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတောင်စားစေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး စေတီတော်ကြီးအား လက်ယာ ရစ်လှည့်လည် ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီးပရိဝုဏ်အတွင်းရှိ သမိုင်းဝင်ဖိုးမြတ်သိုင်းဖွား ရွှေနှုံး သမုတ် သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး သိမ်တော်ကြီးအား ရှေးမူလက်ရာမပြတ် ထိန်းသိမ်းထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီး ပရိဝုဏ်အတွင်းရှိ မဟာဝိဇယမသီတလ နိဗ္ဗူတဃောသမဟာ ခေါင်းလောင်းတော်ကြီးအား ငါးချက်ထိုး၍ ပူဇော်ခဲ့ကြောင်းသတင်းရရှိသည်။