Skip to main content

ပြည်သူ့လွှတ်တော်ရုံးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ဖိတ်ကြားထား

နေပြည်တော် ဇန်နဝါရီ ၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ သို့ ပေးပို့ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရုံး ရေးရာဆောင်အမှတ် - ၁၂ (I – 12) သို့ ဇန်နဝါ ၂၅ ရက် (စနေနေ့) ထက် မစော၊ ဇန်နဝါရီ ၂၆ ရက် (တနင်္ဂနွေနေ့)ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)