နေပြည်တော် မတ် ၆
(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ပွဲစဉ်များ အနက် ဇွဲကပင်ယူနိုက်တက် FC အသင်း နှင့် Southern Myanmar FC အသင်း တို့သည် မတ်လ(၇)ရက် ညနေ(၄)နာရီမှ စတင်၍ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ(၃) နာရီ(၄၅) မိနစ်မှ စတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)