Skip to main content

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် သန့်စင်ပြီး ရွှေပေးအပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၆ 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထား ကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သန့်စင်ပြီး ရွှေ(၁၅ ပဲရည်၊ ၂၄၂ ဂရမ်) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အလှူရှင်ဖြစ်သည့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးအတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ သန့်စင်ပြီး ရွှေ(၁၅ ပဲရည်၊ ၂၄၂ ဂရမ်)ကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားသည်။

သတင်းစဉ်