Skip to main content

မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်လာသော နည်းပညာအကြောင်း သတင်းမှတ်တမ်းတင်ရိုက်ကူး

ရန်ကုန်  မတ် ၁၉

စင်ကာပူနိုင်ငံမှ Mediashock Pro-duction သည် ပြည်တွင်းရုပ်ရှင်ကုမ္ပဏီ တစ်ခုဖြစ်သော Skyward Film Production နှင့်ပူးပေါင်းပြီး မတ် ၁၈ ရက်က UMFCCI အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးနှင့် Impact Hub Co.,Ltd မှ Founder ဖြစ်သူ ကိုဥက္ကာမျိုးတို့အား မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်လာသော နည်းပညာအကြောင်း ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်းခန်း ရိုက်ကူးသည်။

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် မတ် ၁၇ ရက်က ဖန်တီးရာ ကုမ္ပဏီ လီမိတက်၏ Founder ဖြစ်သူ Jes Kaliebe Petersen ၊ Koe Koe Tech it social Enterprise Co.,Ltd ၏ CEO Michael Lwin၊ KBZ Pay Branch မန်နေဂျာ စိုးကိုကို၊ Flymya.com Co.,Ltd ၏ CEO Jett Pan တို့ကို မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက် လာသော နည်းပညာများအကြောင်း ခေါင်းစဉ်ဖြင့် အင်တာဗျူးခြင်းနှင့် KBZ Pay အသုံးပြု၍ စျေးဝယ်နေပုံ တို့ကို ရိုက်ကူးခဲ့ကြောင်း၊ ဆက်လက် ပြီး ရွှေတိဂုံစေတီတော်၊ ဆူးလေဘုရား နှင့် ဗိုလ်တထောင်ကမ်းနား အပါ အဝင် လူစည်ကားရာနေရာများကို မတ် ၂၀ ရက်ထိ ရိုက်ကူးမည်ဖြစ် ကြောင်း၊ ထိုသို့ ရိုက်ကူးထားရှိမှုများကို စင်ကာပူနိုင်ငံရှိ Mediashock Pro-duction ၏ Online Channel တစ်ခု ဖြစ်သော Youtube တွင် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စန်း (FDC)