Skip to main content

ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံ ရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO Daewoo Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့တွင် Drilling Campaign လုပ်ငန်းများအား Drillship “MAERSK VIKING” (Call Sign: S6LY3) ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်ပေးရန် ရည်ညွှန်းပါစာဖြင့် တင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အဆိုပါနေ့ရက် တွင် တွင်းတူးဖော်ရေးလုပ်ငန်းများ မပြီးသေးပါသဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါ သည်။

 ၂။ Drilling Campaign လုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများကို ဖော်ပြသည့် Coordinate များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 Point          Latitude                  Longitude

A                 19° 51' 13.24" N        92° 16' 16.38" E

B                 19° 56' 51.21" N         92° 33' 45.54" E

C                 19° 12' 50.35" N         92° 50' 20.44" E

D                 19° 06' 59.69" N         92° 31' 44.04" E

၃။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့တွင် Drilling Campaign လုပ်ငန်းများအား Drillship “MAERSK VIKING (Call Sign: S6LY3) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်နေ့ အထိလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ လေးကီလို မီတာ ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်း ခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်း သတိပေးချက် (Notice to Mariners) အား ထုတ်ပြန် ကြေညာအပ်ပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန