Skip to main content

ကချင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ် ရွှေကူမြို့ပေါ် ရပ်ကွက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ရွှေကူ မတ် ၂၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယု၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ ရွှေကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုမြင့်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ရွှေကူမြို့ အမှတ်(၄)ရပ်ကွက်တွင် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းအတိုင်းအတာ ၈၀၀ ပေ၊ ၁၂ ပေ၊ ၉လက်မ ရှိသော ဘောဂဗလလမ်းသွယ်(၄) ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။        

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့ အမှတ်(၂)ရပ်ကွက်တွင် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းအတိုင်းအတာ ၉၃၀ ပေ၊ ၁၂ ပေ၊ ၉ လက်မရှိသော မင်းခေါင်လမ်းကတ္တရာခင်းခြင်းနှင့် စံပယ်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အမှတ်(၁)ရပ်ကွက်တွင် လမ်းအတိုင်းအတာ ၇၄၀ ပေ၊ ၁၂ ပေ၊ ၉ လက်မ ရှိသော ဘုရင့်နောင်လမ်းအပိုင်း(၂) ကတ္တရာခင်းခြင်းနှင့် လမ်းအတိုင်းအတာ ၉၂၀ ပေ၊ ၁၂ ပေ၊ ၉ လက်မ ရှိသော ပိတောက်လမ်းအပိုင်း(၂) ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)