နေပြည်တော် မတ် ၂၀
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့အဖြစ် သမိုင်းဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၅၅၅ ခု၊ စာစစ် ဌာနစုစုပေါင်း ၁၅၆၀ တွင် ဖြေဆိုသူပေါင်း ၁၅၇၉၇၃ ဦးရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၁၅၇၉၇၃ ဦး အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၂၀ ၊ အကြား အာရုံ မသန်စွမ်းဖြေဆိုသူ ၇ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၃၀ ၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၂၀ ၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၁၃ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၄ ဦးရှိကြောင်း သိရသည်။
(သတင်းစဉ်)