ရန်ကုန်၊ မတ် ၂၀
COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သန်လျင်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ငွေကျပ် ၁၁၁ သိန်းကျော်တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်း ၉ မျိုး လှူဒါန်းပွဲကို သီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်ဝင်း(ဥက္ကဋ္ဌ၊ ဇော်ထက်ပိုင် အင်ဂျင်နီယာ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စု) + ဒေါ်မိမိတင် (ချမ်းမြေ့မေတ္တာအထူးကုဆေးရုံ)၊ သမီး မအိမွန်မွန် (CEO ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံ - သန်လျင်)တို့က ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
(သတင်းစဉ်)