နေပြည်တော် မတ် ၂၀
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမ နှစ်ဝက် စာမေးပွဲများကို ယနေ့တွင် နိုင်ငံ တစ်ဝန်း၌ ဆက်လက်ကျင်းပရာ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ စာရင်းရှိ ၃၀၂၀၅၁ ဦးအနက် ၂၉၀၉၄၁ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၁၁၁၁၀ ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၌ စာရင်းရှိ ၃၃၄၀၈ အနက် ၃၂၇၇၇ ဦးဖြေဆိုသဖြင့် ပျက်ကွက် ၆၃၁ ဦးနှင့် ပညာရေးကောလိပ် များ၌ စာရင်းရှိ ၁၀၇၈၂ ဦးအနက် ၁၀၇၇၇ ဦးဖြေဆိုသဖြင့် ပျက်ကွက် ၅ ဦးရှိကြောင်း၊ နိုင်ငံ တစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ စုစုပေါင်းစာရင်းရှိ ၃၄၆၂၄၁ ဦး အနက် ၃၃၄၄၉၅ ဦးဖြေဆိုကြပြီး ပျက်ကွက် ၁၁၇၄၆ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)