Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီစစ်ဆေး

နေပြည်တော် ဇူလိုင် ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ဦးမင်းမင်းဦးတို့ ဦးဆောင်ပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေး အဖွဲ့သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၃ ရက်အထိ စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ယနေ့အထိ နိုင်ငံရေးပါတီ ၈၅ ပါတီ စစ်ဆေးခဲ့ပြီး စစ်ဆေးရန် ကျန်ရှိသည့် နိုင်ငံရေးပါတီ ခုနစ်ပါတီကို ဆက်လက် စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။               

သတင်းစဉ်