နေပြည်တော် မတ် ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ (၇၅)နှစ်မြောက်၊ စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး (၅၀၀/-ကျပ်တန်၊ ၂၀၀/-ကျပ်တန်၊ ၁၀၀/- ကျပ်တန်) အား ၂၀၂၀ ပြည့်နှစ်၊ မတ်(၂၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း(၄)ရက်(သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသ ကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် (First day Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)