ရန်ကုန် မတ် ၂၅
COVID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူး ပြည်သူများ အတွက် ယနေ့မှစတင်၍ ဘုရားဖူးချိန်ကို သတ်မှတ်ပေးထား ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံးမှ သိရသည်။
ရွှေတိဂုံစေတီတော် ဘုရားဖူးချိန် ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သတ်မှတ်ပေးထားပြီး ဘုရားဖူးလာ ပြည်သူများ ဓာတ်လှေကား စီးနင်း ရာတွင်လည်း လူဦးရေကို ကန့်သတ်ပေးထား ကြောင်း သိရသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့် ရဟန်း သံဃာတော်များနှင့် ပြည်သူများအား ဂေါပကရုံးဝန်ထမ်းများက အပူချိန် တိုင်းပေးခြင်း၊ အလှူရှင်များက နှာခေါင်းစည်းများ ပေးဝေလှူဒါန်း ခြင်း၊ လက်သန့်ရှင်းရေးအတွက် လက်သန့် ဆေးရည်များနှင့် လက်ဆေး ကန်များထားရှိခြင်းများ ဆောင်ရွက် ပေးထားသည်။
ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး ပြည်သူများ နေ့စဉ်လာရောက်ဖူးမြော် လျက်ရှိရာ ဘုရားဖူးပြည်သူများ၏ ကျန်းမာရေးကို ရှေးရှု၍ COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရန် အတွက် ဘုရားဖူးချိန်ကို ယနေ့မှ စတင်၍ မေတ္တာရပ်ခံ သတ်မှတ် ထားခြင်းဖြစ် ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံးမှ သိရ သည်။
ဇော်မင်းလတ်(MNA)