ရန်ကုန် မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Omni Focus Co.,Ltd နှင့် CRBC Co.,Ltd တို့မှ တာဝန်ရှိသူများသည် ဆေးရုံများတွင် အသုံးပြုရန် အတွက် မွေ့ယာများ လာရောက် လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးခန်းမ(၄)၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက ဆေးရုံးများတွင် အသုံးပြုနိုင်ရန်အတွက် မွေ့ယာများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းပွဲသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)