Skip to main content

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှု အခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိ အမှတ်ပြု လက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂၅-၃-၂၀၂၀) နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် (၁၇-၂-၂၀၂၀) နေ့မှ (၆-၃-၂၀၂၀)နေ့ထိ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ လေးဦးကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူဂျာနယ် ငါးဦး၊ မဂ္ဂဇင်း နှစ်ဦး၊ အထွေထွေ ၁၁ ဦး၊ ပေါင်း ၁၈ ဦးကိုလည်းကောင်း၊ သတင်းအေဂျင်စီ လုပ်ငန်းလျှောက်ထားသူ ကိုးဦးကိုလည်းကောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄)နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၂၉ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၂၈၄၀ ဦးနှင့် သတင်း အေဂျင်စီလုပ်ငန်း ၂၉၀ ဦး ၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း  ၄၇၅၉ ဦးအား အသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန