Skip to main content

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေများ လာရောက်လှူဒါန်း

ဧရာဝတီ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီးသို့ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက်  အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး အလှူရှင်များဖြစ်ကြသော Green Co.,Ltd မှကျပ်သိန်း(၅၀)၊ Baffo Myanmar Co.,Ltd မှ ကျပ်သိန်း(၃၀)၊ မအူပင်စက်မှုဇုန်မှ ကျပ်သိန်း (၅၀)၊ ညောင်တုန်းစက်မှုဇုန်မှကျပ်သိန်း(၂၅)၊ ရွှေဟိန်းထက်ကုမ္ပဏီမှ ကျပ်သိန်း(၁၀၀)၊ မီးလင်းချိုင် Supereme ကုမ္ပဏီမှ PPE အစုံ(၆၀၀)၊ Sunflower ကုမ္ပဏီမှ ကျပ်သိန်း (၁၀၀) တို့ကို လှူဒါန်းခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာငွေရှာဖွေထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်တို့က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ နှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြကြောင်းသိရသည်။

မြင့်ဟန်