စဉ့်ကူး မတ် ၂၉
စဉ့်ကူးမြို့နယ်အတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျည်တောက်တိုက်နယ်ဆေးရုံတို့တွင် စောင့်ကြည့်လူနာများထားရှိရန် စီမံဆောင်ရွက် ထားရှိမှုများကို ယနေ့နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီ ဦးမျိုးသစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)