Skip to main content

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေဖျန်းယာဉ်များဖြင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  မတ်  ၃၀

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဌာနမှူးဦးဆောင်၍ ယမန်နေ့ည ၉ နာရီက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်ပြည်သူဆေးရုံကြီး အတွင်းအပြင် နေရာများဆေးဖျန်းရာ  စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါဆေးဖျန်းခြင်းလုပ်ငန်းများအား မြောက်ဥက္ကလာဆေးရုံနှင့် ဝေဘာဂီ ဆေးရုံများကိုလည်း မတ်လ ၃၀ ရက်ညနေပိုင်းတွင် ဆက်လက်ဆေးဖျန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)