Skip to main content

မြန်မာစတော့အညွှန်းကိန်းကျဆင်းခဲ့သော်လည်း စတော့ရောင်းအားကျဆင်းသွားခြင်းမရှိသေး

ရန်ကုန် မတ် ၃၀

COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု ဂယက်ကြောင့် မြန်မာစတော့အညွှန်း ကိန်း ကျဆင်းခဲ့သော်လည်း စတော့ ရောင်းအား သိသိသာသာကျဆင်း သွားခြင်း မရှိသေးကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ အမှုဆောင်အကြီး တန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။

“COVID–19 ဂယက်ကြောင့် ကမ္ဘာ့စတော့အိတ်ချိန်းတွေမှာ စတော့ အညွှန်းကိန်းတွေ ဈေးနှုန်းတွေ ကျဆင်းခဲ့သလို ရန်ကုန်စတော့ အိတ်ချိန်းမှာလည်း စတော့အညွှန်း ကိန်းတွေ ကျဆင်းခဲ့တာကို တွေ့ရပါ တယ်။ မတ်လဆန်းကစပြီး မြန်မာ စတော့အညွှန်းကိန်း MYANPIX ဟာ ၄၈၀ ပွိုင့်ကနေ ၄၂၀ ပွိုင့်အထိ ထိုးဆင်ခဲ့ပြီး တစ်လအတွင်း ၁၂ ရာခိုင် နှုန်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။ စတော့ရောင်းအားကတော့ သိသိ သာသာ ကျဆင်းသွားတာ မရှိသေး ပါဘူး” ဟု ၎င်းက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ရက် လျှင် ပျမ်းမျှရောင်းအား ငွေကျပ်သန်း ၆၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ငွေကျပ် သန်း ၁၀၀ အထိ မြင့်တက် လာခဲ့ပြီး ယခု မတ်လအတွင်း တစ်ရက်ပျမ်းမျှ ငွေကျပ်သန်း ၈၀ ခန့် အရောင်းအဝယ် ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ မတ် ၂၀ ရက် မှစပြီး ရန်ကုန်စတော့အိတ်ချိန်း၌ နိုင်ငံခြားသား ပါဝင်ရောင်းချခွင့်ပြုခဲ့သည့်အတွက် နိုင်ငံခြားသားအချို့ ဈေးကွက်တွင် ပါဝင်ရောင်းဝယ်လာ ကြသော်လည်း COVID–19 ဂယက် ကြောင့် နိုင်ငံခြားသား သွားလာမှု နည်းပါးကာ ဈေးကွက်တွင် ပါဝင်နိုင်မှု အားနည်းနေသေးကြောင်း သိရသည်။

ရန်ကုန် စတော့အိတ်ချိန်း၌ စတော့ရောင်းဝယ်မှုကို ယခင်က တစ်နာရီတစ်ကြိမ် ပြုလုပ်ခဲ့သော် လည်း မတ် ၂၆ ရက်မှစတင်ကာ နာရီဝက်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်နေ့လျှင် ခုနစ်ကြိမ်ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်းသို့ ဆဋ္ဌမ မြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာရန် စီစဉ်ထားသော EFR Public Company ၏ စာရင်း ဝင်မည့်ရက်ကို မူလက မတ် ၂၀ ရက် သတ်မှတ်ထားသော်လည်း COVID–19 ဂယက်ကြောင့် မေလအတွင်း ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

စတော့ဈေးကွက်အခြေအနေနှင့် ပတ်သက်၍ ပြည်သူများ အသိပညာ တိုးပွားစေရေးအတွက် ရန်ကုန်စတော့ အိတ်ချိန်းမှ တာဝန်ယူကျင်းပလေ့ရှိ သော အများပြည်သူ အသိပညာပေး ဟောပြောပွဲများ၊ စတော့ဈေးကွက် အခြေခံသင်တန်းများ၊ လေ့လာရေး အစီအစဉ်များကို ခေတ္တရပ်နားထားပြီး ကူးစက်ရောဂါအခြေအနေ ကောင်း မွန်မှသာ ပြန်လည်ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ-လင်းညွန့်