Skip to main content

တောင်ဥက္ကလာပမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၇

တောင်ဥက္ကလာပမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် မင်္ဂလာလမ်းမပေါ်တွင် ဦးသန်းဝင်း (ခ) ဖက်တီး မောင်းနှင်၍ အောင်ထွန်းသိန်း လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို  လည်းကောင်း၊ အလားတူ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်မျိုးထွေးနှင့်   မြတ်ကျော်ထွန်းတို့အား စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၃ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်