Skip to main content

မင်းဘူးမြို့၌ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်

မင်းဘူး နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရေး၊ ဒေသနေပြည်သူများ သဘာဝရေပြင်မြစ်ချောင်းများတွင် ငါးများ ပိုမိုဖမ်းယူစားသုံးနိုင်ရေးအတွက် မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်အနီး ဧရာဝတီမြစ်အတွင်းသို့ ယနေ့ နံနက် ၇ နာရီခွဲတွင် ငါးမြစ်ချင်းနှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ ကို ငါးမျိုး စိုက်ထည့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးထွန်းလှ အောင်နှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၁၀၀၀၀၀၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ ကို ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်