Skip to main content

အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာမခံနှစ်စေ့ပြီးသူများအား ကံစမ်းမဲဖောက်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၂၅

အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်တွင် အာမခံထားရှိသူများအနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာမခံနှစ်စေ့ပြီးသူများအား ကံစမ်းမဲဖောက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပရာ အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုဝင်းနှင့် တာဝန်ရှိသူများ၊ အာမခံထားရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လက်ရှိဆောင်ရွက်နေသော အာမခံအမျိုးအစားများအကြောင်းနှင့် ကံစမ်းမဲဖွင့်ဖောက်သည့်စနစ်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာမခံနှစ်စေ့ပြီးသူများကို တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ကံစမ်းမဲဖွင့်ဖောက်ပေးခဲ့ပြီး မဲပေါက်သည့် ကံထူးရှင်အမည်စာရင်းများကို ကြေညာခဲ့သည်။

ကံစမ်းမဲဖောက်ပေးရာတွင် ကွန်ပျူတာဆော့ဝဲလ် နည်းပညာဖြင့် မဲဖောက်ဆောင်ရွက်ခြင်းဖြစ်ပြီး ကံစမ်းမဲချီးမြှင့်ငွေကျပ်သိန်း ၁၂၀၀ နှင့်ညီမျှသော ဆုမဲများဖြစ်သည့် လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ စက်ဘီး (ရိုးရိုး) ၊ Samsung Tablet နှင့် ဖုန်းအမျိုးအစား အမျိုးမျိုးတို့ကို မဲဖောက်ချီးမြှင့်ခြင်းဖြစ်ကာ ကံစမ်းမဲပေါက်သည့် ကံထူးရှင်များကို ဆက်သွယ်အကြောင်းကြားဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီလီမိတက်အနေဖြင့်အသက် အာမခံအမျိုးအစား ၂၁ မျိုးကို ဆောင်ရွက်ပေးလျက်ရှိပြီး အထွေထွေအာမခံလုပ်ငန်းဝန်ဆောင်မှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက E-mail; aungmyintmohmin 2013 @ gmail.comနှင့်၀၉-၄၂၄၄၄၆၆၆၁၊ ၀၉-၄၂၄၄၄၆၆၆၂၊ ၀၉-၄၂၄၄၄ ၆၆၆၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်