နေပြည်တော် ဩဂုတ် ၂၁
မြန်မာနိုင်ငံသည် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism - NCM) ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ မည်သူမဆိုအဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံး(ရန်ကုန်)နှင့် အခြားအဖွဲ့အစည်းများမှ တစ်ဆင့်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁)၊ နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် E-mail လိပ်စာ directorgeneral.dol@gmail.com, moloffice51@gamil.com, research.org.dol.mm@gmail.com များသို့လည်းကောင်းတိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းရုံးအဖွဲ့၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရှိရသည်။
သတင်းစဉ်