Skip to main content

မအူပင်မြို့နယ်၌ လူငယ်များကို စစ်မှုထမ်းဆောင်ရန် အဓမ္မဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များကို အဓမ္မဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ မအူပင်မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူတည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးအရ စစ်ဆေးခြင်းများအ‌ပါအဝင် အကြမ်းဖက်လုပ်ငန်းများ မဖြစ်ပွားစေရေး အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်နေမှုများအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစဉ်