Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီအား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၁၀

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီအား ယနေ့နံနက် ၁၁ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးအပ်ခဲ့မှုနှင့် ဆေးအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအတွက် နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနှင့် နီပေါနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍများတွင် တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်