၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ (၁၇၈၁)ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ(၄၉၉၈)ခု၊ စုစုပေါင်း(၆၇၇၉)ဆူ ထိခိုက်ပျက်စီးခဲ့ပါသည်။ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကိုဖြစ်စေ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်း နိုင်ပါကြောင်းနှင့် စေတီ၊ ဘုရားများပြုပြင်ရန် လှူဒါန်းလိုပါက နေပြည်တော်တွင် ဦးထွန်းမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ နေပြည်တော်သာသနာရေးမှူးရုံး၊ ဖုန်း- ၀၆၇ ၃၅၅၀၁၈၃၊ ၀၉၄၂၀၇၀၁၄၆၉နှင့် ဒေါ်နီလာအေး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း - ၀၉၄၂၀၇၁၄၇၆၀ တို့သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဦးဖြိုးဇော်ဇော်၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း- ၀၉၄၂၁၂၂၂၂၅၁ နှင့် ဒေါ်မျိုးပပကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း- ၀၉၄၂၀၇၀၀၇၉၀ တို့သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဦးဇော်ဦး၊ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၉၂၀၃၈၅၆၃နှင့် ဒေါက်တာဝတ်ရည်ဝင်းသန့်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း-၀၉၅၁၉၄၀၈၂ တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဦးလှမင်းနိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း- ၀၉၄၀၂၆၁၀၁၃၄၊ ၀၉၆၆၄၆၉၀၆၇၅ နှင့် ဦးဖြိုးနောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ၊ ဖုန်း-၀၉၄၂၀၇၂၆၄၉၀၊ ၀၉၇၈၈၉၁၁၂၁၁ တို့သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဦးစိုးမိုးကျော်၊ ညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း - ၀၉ ၂၅၉၂၀၉၄၄၈ နှင့် ဦးထွန်းထွန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း - ၀၉၄၃၀၁၉၁၆၈ တို့သို့ လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ဦးသိန်းဌေး၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်သာသနာရေးမှူးရုံး၊ ဖုန်း - ၀၉၄၂၀၇၃၀၈၃၉ နှင့် ဒေါ်ခက်ခက်လှ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်း - ၀၉၄၃၀၄၁၃၀၇ တို့သို့ လည်းကောင်းဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
နောက်ဆုံးရသတင်းများ
02 Mar, 2026
02 Mar, 2026
02 Mar, 2026
