Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြို့အသီးသီး၌ ပြည်သူလူထု စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၀

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက်ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုအကြောက်တရားလွှမ်းမိုးစေရန်အတွက် Social Media အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းမရှိစေရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှားဆောင်ရွက်နိုင်မှုမရှိစေရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝပျက်စီးစေရေးအတွက် ဒီဇင်ဘာ ၁၀ ရက် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို အကြောင်းပြ၍ Silent Strike ခေါ် လှုပ်ရှားမှုကို ပြုလုပ်ကြရန် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ဖိအားပေးလုပ်ဆောင်ခဲ့ကြသည်။

လုံခြုံရေးတိုးမြှင့်

ထိုသို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည့်အတွက် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာနေရာများ၍ သက်ဆိုင်ရာဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။ ထို့ပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်