နေပြည်တော် ဒီဇင်ဘာ ၁၀
မြန်မာ-လာအို ချစ်ကြည်ရေးအသင်း တာချီလိတ်ရုံးခွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှမ်းရိုးမကွင်းအတွင်း တာချီလိတ်မြို့၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံမြို့မိမြို့ဖများ၊ ဒေသတွင်းလုပ်ငန်းရှင်များက ရုံးခွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားပြီး တာချီလိတ် မြို့မိမြို့ဖ ဦးထွန်းနေဦးက ဝမ်းမြောက်စကားပြောကြားသည်။
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းသည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ရွှေ့ပြောင်းလုပ်သားများ တရားဝင်မှုနှင့် အခွင့်အရေး၊ ကူးသန်းရောင်းဝယ်ရေး၊ နှစ်နိုင်ငံလူငယ်များ အတွေ့အကြုံဖလှယ်ရေး၊ ယဉ်ကျေးမှုကိစ္စတို့တွင် အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါအခမ်းအနားဖွင့်ပွဲသို့ နေပြည်တော်နှင့် ရန်ကုန်မြို့အခြေပြု ဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင်၊ အထွေထွေအတွင်းရေးမှူး ဦးကောင်းဇံတို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဧည့်ပရိသတ်များကို ဒေသရိုးရာအစားအစာများဖြင့် ဧည့်ခံကာ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
