Skip to main content

အားလုံးအတူတကွ မဲပေးကြစို့

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ရန်ရက်သတ္တနှစ်ပတ်ကျော်မျှသာ ကျန်ရှိတော့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများမှာမူ သက်ဆိုင်ရာနိုင်ငံများအလိုက် ကြိုတင်မဲပေးနိုင်ရန် သတ်မှတ်ရက်များအလိုက် မဲရုံများဖွင့်လှစ်ပေးထားသည့် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး(၅၀)တို့တွင် နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ကြိုတင်ဆန္ဒမဲများပေးနေကြပြီဖြစ်သည်။

၂၀၂၁ ခုနှစ်တွင်စတင်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကိုအကြောင်းပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာခဲ့သည့် အကြမ်းဖက်လက်နက် ကိုင်ဆူပူသောင်းကျန်းမှုများက နိုင်ငံနှင့်ပြည်သူအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုကြီးမားစေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ရှိနိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးထားရသည့် အစိုးရက ကျင်းပပေးသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမား တို့ ဆက်လက်ရပ်တည်ရန်ခက်ခဲစေမည့် အကြောင်းရင်းဖြစ်သည့်အလျောက် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ နည်းမျိုးစုံဖြင့် ဖျက်လိုဖျက်ဆီးပြု ခြင်းတို့ကို မိမိတို့တွေ့ရှိနေကြရခြင်းဖြစ်သည်။

သာမန်ပြည်သူများအနေဖြင့်မူ မိမိတို့က ဆန္ဒမဲပေးရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များဖြင့် အစိုးရ၊ လွှတ်တော်အသီးသီးတို့ ပေါ်ပေါက်လာစေကာ နိုင်ငံ၏ရှေ့ခရီးကို ဒီမိုကရေစီနည်း ကျကျ ဆက်လက်လျှောက်လှမ်းလိုကြပြီဖြစ်သည်။ နိုင်ငံရေးကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုလည်း နိုင်ငံရေးနည်းလမ်းများဖြင့်အဖြေရှာကာ နိုင်ငံနှင့်ပြည်သူကို အထိမနာစေသည့် လမ်းကိုရွေးချယ်စေလိုပြီ၊ တစ်နည်းအားဖြင့် လက်နက်ကိုင်တိုက်ခိုက်နေကြခြင်းကြောင့် ကြုံတွေ့နေကြရသည့် ဒုက္ခအပေါင်းတို့ကိုလည်း ရွံမုန်းနေကြပြီဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် ကြာမြင့်လာသည်နှင့်အမျှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနယ်မြေများတွင် ဖြစ်ပေါ်လာနေသည့် အနိဋ္ဌာရုံများကလည်း တရားဥပဒေစိုးမိုးမှုအောက်တွင် စိတ်အေးချမ်းသာစွာနေခဲ့ကြရသည့်အချိန်ကာလများကို ပြန်လည်အမှတ်ရစေသည်။ လက်ရှိကာလ လုံခြုံရေးအခြေအနေများကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့၊ ရွာ၊ ရပ်ကွက်များ ထောင်နှင့်ချီ၍ကျန်နေခဲ့ရာ လတ်တလောအားဖြင့် ဒေသခံပြည်သူတို့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရခြင်း ပင်ဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း() ကို ကချင်ပြည်နယ်တွင် ()မြို့နယ်၊ ကယားပြည်နယ်တွင် ()မြို့နယ်၊ ကရင်ပြည်နယ်တွင် ()မြို့နယ်၊ ချင်းပြည်နယ်တွင် ()မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၂)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ()မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ()မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် () မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် () မြို့နယ်၊ မွန်ပြည်နယ်တွင် () မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ()မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၂)မြို့နယ်၊ ရှမ်း ပြည်နယ်တွင် (၁၂) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ()မြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် ()မြို့နယ် စုစုပေါင်း ၁၀၂ မြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း()နှင့် ()တို့ကိုလည်း ရက်သတ္တ နှစ်ပတ်စီခြားကာ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲများ၌ မိမိတို့၏ လွတ်လပ်သော သဘောဆန္ဒနှင့်အညီ မဲပေးခြင်းမှာ နိုင်ငံသားတို့၏အခွင့်အရေးဖြစ်သည်။ မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲသည် မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် မဖြစ်မနေလိုအပ်သည့် ရွေးကောက်ပွဲဖြစ်ရာ ဆန္ဒမဲပေးရန် အရည်အချင်းပြည့်ဝသည့် နိုင်ငံသားအားလုံး မပျက်မကွက်မဲပေးခြင်းဖြင့် တာဝန်ကျေပွန်ကြရပါမည့်အကြောင်း။