Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်(မွန်ပြည်နယ်တာဝန်ခံ) ကျိုက်မရော၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

ကျိုက်မရော ဒီဇင်ဘာ ၂၅

မွန်ပြည်နည် ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ)နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ ရှင်စောပုရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက် နှင့် ဘိန်းဗျောကျေးရွာအုပ်စုတို့၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုသည်။ ထို့နောက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျိုက်မရောမြို့နယ်အတွင်း၌ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၄၈၄၅ ဦးရှိပြီး မဲရုံပေါင်း ၂၈ ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)သည် မော်လမြိုင်မြို့နယ်၌ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများလိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့မွန်းလွဲပိုင်းတွင် ချောင်းဆုံ မြို့နယ်အတွင်းရှိ သက္ကောကျေးရွာ၊ ခရိုက်သစ် ကျေးရွာနှင့် တိုးချဲ့ရပ်ကွက်တို့၌ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအားတွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ချောင်းဆုံမြို့နယ်အတွင်း၌ အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၇၀၃၁ ဦးရှိပြီး မဲရုံပေါင်း ၇၃ ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြန်မာ့အလင်း