Skip to main content

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး မြို့နယ်ရှစ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများပေး

မန္တလေး ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့တွင် တစ်နိုင်ငံလုံးရှိရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နယ်မြေများ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သတ်မှတ်မဲရုံများ၌ စိတ်အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများ ပေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတွင်းရေးမှူးတို့သည် ယနေ့နံနက်ပိုင်းက သတ်မှတ်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများပေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်များ၌မဲရုံများကို နံနက် ၆ နာရီမှ စတင်၍ စနစ်တကျဖွင့်လှစ်ပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူ များကလည်း စိတ်အားထက်သန်စွာဖြင့် မဲရုံ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကာ ဆန္ဒမဲများပေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနေမှုများ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးနေမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဆန္ဒမဲများ ပေးပြီးနောက် လိုက်လံကြည့်ရှုခဲ့ကြသည်။

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့နယ်၊ ညောင်ဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ အောင်မြေသာစံမြို့နယ် စုစုပေါင်း ရှစ်မြို့နယ်တို့ပါဝင်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၃၅၃၄၉၂ ဦးအတွက် မဲရုံပေါင်း ၁၂၄၂ ရုံကို စနစ်တကျဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်