နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးကောလိပ် (Judicial College) ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ ၅၁ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၅ ရက်မှ ဧပြီ ၃ ရက်အထိ ရက်သတ္တ ၁၃ ပတ် ကြာမြင့်မည်ဖြစ်သည်။
သတင်းစဉ်
