Skip to main content

“ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက် ဇာတ်လမ်းများ” မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် ဇန်နဝါရီ ၉

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များရရှိနိုင်ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင် ဇာတ်နိပါတ်တော်များအကြောင်း သိရှိ နားလည်ပြီး အသိပညာဗဟုသုတရရှိနိုင်စေရန် ရည်ရွယ်ချက်များနှင့် သဘင်ပညာရှင်များ၏ အနုပညာရသစွမ်းရည်များ ဖော်ထုတ်ပြသမည့် “ ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက်ဇာတ်လမ်းများ အစီအစဉ် ဆန်းသစ်တင်ဆက်မှုကို အပတ်စဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။

ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက် ဇာတ်လမ်းများ ” အစီအစဉ်တွင် “မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများကြောင့် အရာရာ အောင်နိုင်ခြင်း ကို ဖော်ပြထားသည့် စူဠ ကာလိင်္ဂဇာတ်တော် အပိုင်း(၃)ကို နန်းတော်ရှေ့ ဆရာတင်၏ မျိုးဆက်သဘင်ပညာရှင် ဦးနန်းဝင်းမှ ရေးသားပူဇော်ပြီး နန်းဝင်းနှင့် စုလှိုင်နှင်းတို့ ဦးဆောင်ကာ ထက်မြက်အောင်၊ ရန်ရှင်းမောင်၊ တူးနိုင်း၊ လကျော်၊ လင်းမြတ်အောင်၊ အောင်သွေးသစ်၊ ဖြူဖြူနှင်းဆီ၊ ဖူးပွင့်ရွှေရည်လှိုင်၊ သဲစုနိုင်၊ ပိုးပိုးအိမ်၊ ပန်းကဗျာနှင့် ရွှေနန်းသဘင်အဖွဲ့သားများက ပါဝင်ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။၊

အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ ဇန်နဝါရီ ၁၀ ရက် (စနေနေ့) ည ၉ နာရီတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) ည ၉ နာရီတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်