နေပြည်တော် ဇန်နဝါရီ ၁၅
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဒုတိယနေ့ ကြားနာပွဲကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ဆက်လုပ်ပြုလုပ်ခဲ့သည်။
ဒုတိယနေ့ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံမှ ရှေ့နေများက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က အကြမ်းဖက်ချေမှုန်းရေးဟုဆိုကာ ဘင်္ဂါလီများကို လူမျိုးတုံးစေရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲလျှောက်လဲကြပြီး ယင်းသို့ လုပ်ဆောင်ရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များအပြင် ရခိုင်လူမျိုးများလည်း ပါဝင်သည်ဟုလည်း ထည့်သွင်းစွပ်စွဲလျှောက်လဲခဲ့ကြောင်း၊ ထိုသို့ ရည်ရွယ်ချက်ရှိကြောင်းကို လုပ်ကြံဖန်တီးထားသည့် ဘင်္ဂါလီသက်သေများ၏ ထွက်ဆိုချက်များအား ကိုးကားလျှောက်လဲခဲ့ကြကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့် တတိယနေ့ပထမအကျော့ လျှောက်လဲခြင်းကို ဇန်နဝါရီ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိနှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
