Skip to main content

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြညာခြင်း

၁။ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-I တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။ အဆိုပါ အခမ်းအနားကျင်းပမည့် နေရာကန့်သတ်ချက်အရ သတင်းမီဒီယာသမားဦးရေအား A Zone ၊ B Zone ခွဲခြားသတ်မှတ်ကာ သတင်းရယူစေမည်ဖြစ်ပါသည်။ သို့ပါ၍ အခမ်းအနားသို့ တက်ရောက်သတင်းရယူလိုသော လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသည့် သတင်းမီဒီယာများအနေဖြင့် သတင်းမီဒီယာတစ်ခုလျှင် (၂)ဦးနှုန်းဖြင့် ခွင့်ပြုပေးမည်ဖြစ်ပါ၍ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ရာထူးတာဝန်၊ သတင်းဌာနအမည်စသည့် သတ်မှတ်လျှောက်လွှာပုံစံပါ အချက်အလက်များကို ဖြည့်စွက်ကာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ(နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt@gmail.com ၊ (ရန်ကုန်) ၀၁-၅၄၄၅၈၂ ၊ iprd.crd.ygn@gmail.com သို့ ၂၈-၁-၂၀၂၆ ရက်နေ့အရောက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန