Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညို၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး၊ ဗထူးတပ်နယ်ရှိ ကျောင်းအုပ်ကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများအား တွေ့ဆုံမှာကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၆

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ် အင်းလေးဒေသဖောင်တော်ဦးမြတ်စွာဘုရား ဖောင်ဆိပ်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီးများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဖူးမြော်ကြည်ညို

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဖောင်တော်ဦးဘုရားရုပ်ပွားတော်မြတ်ငါးဆူအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကန်တော့ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများလှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင်များက လက်ခံရယူကာ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက အင်းလေးဒေသဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ညောင်ရွှေဒေသရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ဖြန့်ခွဲပေးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများ၊ ထောက်ပံ့ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများ၏ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရေး၊ ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသည်များကိုလည်း အမြန်ဆုံးပြီးပြတ်အောင် ထောက်ပံ့ပေးအပ်နိုင်ရေး၊ နိုင်ငံတော်အစိုးရမှ ပေးအပ်ထားသည့် ထောက်ပံ့ငွေများအား လေလွင့်ဆုံးရှုံးမှုမရှိစေရေး ငလျင်ဒဏ်ခံစားခဲ့ရသည့် အင်းလေးဒေသ အမြန်ဆုံးမူလအခြေအနေထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

လိုက်လံကြည့်ရှု

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများ ကွဲအက်ပျက်စီးခြင်း၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိက်ဖောင်တော်ထားရှိရာ အဆောင်နှင့် အခြားသာသနိက အဆောက်အအုံများ ပြိုကျပျက်စီးနေခြင်းများကို ပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များက မူလလက်ရာ မပျက်ပြန်လည်ပြုပြင်ထားရှိမှုများ၊ အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြည်စေရေးတို့အတွက် စက်ယန္တရားများဖြင့် စက်တပ်ရေယာဉ်ငယ်များ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး ရေလမ်းကြောင်းရှိ ဒိုက်ဖတ်များ၊ မှော်များ၊ အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကိန်းဝပ်သီတင်းသုံးတော်မူရာ ရတနာစံကျောင်းတော်ကြီးသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပင်မစံကျောင်းတော်၏ ခိုင်မြဲမှုအခြေအနေမှာ ကောင်းမွန်လျက်ရှိသော်လည်း မြောက်အရပ်ပင်မလှေကားထိပ်နှင့် ပင်မစံကျောင်းတော်ထိစပ်နေရာ၌ အနည်းငယ်ထိခိုက်မှုရှိပြီး ကျန်အရှေ့၊ အနောက်၊ တောင်ဘက် အရပ်မျက်နှာရှိ လှေကားထိပ်နှင့် စံကျောင်းတော်မှာ မူလကပင်တွဲဆက်ထားခြင်း မဟုတ်သည့်အတွက် ၃ လက်မမှ ၆ လက်မအထိ ကွာဟသွားခဲ့ကြောင်း၊ အဆိုပါအခြေအနေအား နယ်မြေခံပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်၍ မူလလက်ရာမပျက်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများခင်းခြင်း ၁၀၀ ရာခိုင်နှုန်း၊ ဖောင်တော်ဦးဘုရား မူလကျောင်းဆောင်အောက်ခြေ သံကူကွန်ကရစ်ထပ်ပိုးခြင်း ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်းတော်အရှေ့ဘက်၊ အနောက်ဘက်မုခ်ဦးစောင်းတန်းလှေကားများ ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်းတောင် ဘက်မုခ်လှေကားနှင့် မြောက်ဘက်အာရုံခံတန်စောင်း ၁၀၀ ရာခိုင်နှုန်း၊ ကရဝိက်အဆောင် ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြုပြင်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ပြီဖြစ်ကြောင်းနှင့် မြောက်ဘက်မုခ်ရှိ လှေကားအနေဖြင့် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံရန်အတွက် ပင်မစံကျောင်းတော်မှ ပင့်ဆောင်ရာတွင် အနည်းငယ်မတ်စောက်သည့်အတွက် လှေကားအသစ်ပြန်လည် တည်ဆောက်လျက်ရှိကြောင်းနှင့် မတ်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိ ရသည်။

ထို့အပြင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ကျောင်းအုပ်ကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများအား တွေ့ဆုံ၍ တပ်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှာကြားခဲ့သည်။ အလားတူ ယနေ့ညနေပိုင်းတွင်လည်း ကလောမြို့ စစ်ဦးစီးတက္ကသိုလ်ရှိ သင်တန်းသားအရာရှိကြီးများအား စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များအား အသေးစိတ်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်