Skip to main content

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော် ဧပြီ ၂၈

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ သုံးရက်တိုင်ကျင်းပမည်ဖြစ်ရာ ထိုသို့ကျင်းပပုံများကို MRTV Parliament Channel မှ နေ့စဉ် တိုက်ရိုက် (Live) ရိုက်ကူး/ထုတ်လွှင့်ပေးမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက် နံနက် ၇ နာရီခွဲမှ စတင်မည်ဖြစ်ရာ MRTV HD, MRTV Parliament Channel၊ MWD HD၊ MWD Variety HD နှင့် အကျိုးတူရုပ်သံလိုင်းများဖြစ်သည့် Readers’ Channel ၊ Sky Net Buddha Channel ၊ Sky Net Up to Date Channel ၊ HTV Sports Channel ၊ SNDSY ရွှေနဒီရွှေရည် Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ ရွှေFM ၊ ပတ္တမြားFM ၊ ပဉ္စဝတီFM ၊ မန္တလေးFM ၊ ချယ်ရီ FM ၊ FMပုဂံ ၊ သဇင်FM ၊ Star FM တို့မှလည်းကောင်း တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV Website ၊ MRTV App နှင့် Online တို့မှလည်း Live Streaming ထုတ်လွှင့်မည်ဖြစ်သည်။

ထို့ပြင် ဧပြီ ၃၀ ရက်ညပိုင်းတွင် ကျင်းပပြုလုပ်မည့် ဓမ္မသဘင်အခမ်းအနားကို MRTV HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် Delay ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်