Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တောင်ငူခရိုင်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာ တောင်ကုန်းကျောင်းဓမ္မာရုံ၌ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် တောင်ငူမြို့ (၂) ရပ်ကွက်ရှိ “DTH” Speciality Coffee လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု၊ တောင်ငူမြို့နယ် ပတ်တန်း- ထီးလှိုင် ကျေးရွာချင်း ဆက်လမ်းကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပဲခူးမြို့နယ် ပြည်တော်အေးကျေးရွာရှိ ဥဿာစိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်သမဝါယမအသင်း၏ ငါးမွေးမြူရေးနှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပဲခူးမြို့နယ် တပ်ကလေးကျေးရွာအုပ်စု တပ်ကလေးမြောက်စုကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်