Skip to main content

နမ့်စန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

နေပြည်တော် မေ ၃၀

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသတင်းအပတ်အဖြစ် မေလ ၂၅ ရက်နေ့မှစ၍ ၃၁ရက်နေ့အထိ စနေ၊ တနင်္ဂနွေ အပါအဝင် ပိတ်ရက်မရှိသတ်မှတ်၍ ကျောင်းအပ်နှံမှုလက်ခံခြင်းများ ဆောင်ရွက်လျှက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)၊ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် တက်ရောက်လာကြသူများက ကျောင်းလာရောက်အပ်နှံသော မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စေရေး လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့်ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများအား တစ်ပါတည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။