Skip to main content

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း ဖွင့်လှစ်

နေပြည်တော် ဇွန် ၂၂

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက ဆရာ ဆရာမများအနေဖြင့် တာဝန်ယူကြရသည့် လုပ်ငန်းကဏ္ဍအလိုက်၊ အဆင့်အလိုက် လုပ်ငန်းများကို စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုနေသည့် စည်းကမ်း၊ စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်လာစေရန် ယခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ငါးပတ်ကြာ ဖွင့်လှစ်မည်

အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၃၈၁ ဦး စုစုပေါင်း ၄၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကို ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်