Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး မိုဘိုင်းစခန်း ကိုးခု 4G LTE စနစ် အဆင့်မြှင့်တင်နိုင်ခဲ့

နေပြည်တော် ဇူလိုင် ၁၇

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး မိုဘိုင်းစခန်းကိုးခု 4G LTE စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ တည်ဆောက်တပ်ဆင်ပြီးစီးခဲ့ကြောင်း ချင်းစုကျေးရွာ မိုဘိုင်းစခန်းဖွင့်လှစ်ခြင်းအခမ်းအနားမှ သိရသည်။

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ခဲ့သည့် ချင်းစုကျေးရွာ မိုဘိုင်းစခန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် သစ်စိမ့်ပင်ကျေးရွာအုပ်စု ချင်းစုကျေးရွာ မိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုဘိုင်းစခန်းကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့် ဦးအောင်ဇေယျတို့က ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်