Skip to main content

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၂၄

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသတွင်းရှိပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီတို့က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၂၄ ရက်က မြစ်ကြီးနားမြို့အောင်နန်းရပ်ကွက်နှင့် ပလန-၁ ပိတောက်မြိုင်ကျေးရွာတို့၌ ပြုလုပ်သည်။

ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ အောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များနှင့် စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးပေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)